NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ဟုတ်မှလည်း လုပ်ပါ မိတုတ်ရာ

မပြောမပြီး မတီးမမြည်ဆိုတော့လည်း ပြောဖို့အချိန်က ရောက်လာပြန်ပေါ့ဗျာ :)...အခုတလော ရေပန်းစားနေတဲ့ ဗုဒ္ဓကိုစော်ကားရေးသားနေတဲ့ ဘလော့တစ်ခုအကြောင်းပေါ့...ဒီဘလော့ကို ဘယ်သူရေးနေတယ်ဆိုတာ သေချာမသိပဲ ပြောချင်ရာတွေ ထင်ရာစိုင်းပြောကြပြီး နောက်ဆုံးတော့ ဒီရုရှားဘူတာကြီးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလေရောဗျာ:)...

အဲ မသိတဲ့ နောင်တော် ညီတော် အစ်မတော် ညီမတော်တွေကတော့ ဒါဟာ ရုရှားဘူတာကြီးလို့ ထင်နေကြမှာပဲ...ထင်ရတဲ့အကြောင်းအရင်းက ဒီဆိုက်က ဒီလိုဆိုထားတော့ ဟုတ်လားမသိဘူးဆိုပြီး ထင်ကြတာ မဆန်းပါဘူးဗျာ...အဲဒီဆိုက်ကို သူငယ်ချင်းတစ်ယောက်ကပေးဖတ်လို့ ဖတ်ကြည့်ပြီးမှ ဟုတ်ပါ့မလား မောင်ကာလုရယ်လို့ မေးရမလိုဖြစ်နေတယ်...ဒီထက်တောင် ပိုသေးတယ်လို့ ဖြေချင်ဖြေနေအုံးမှာ :)...ဘာသာမဲ့ကောင်ရေးနေတဲ့ ငနာက မြန်မာတွေကို ဒေါသထွက်အောင် တမင်ဖန်တီးနေတယ်ဆိုတာပေါ်လွင်နေတယ်...

ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာတွေက မိမိတို့သိသလောက် သွားပြီးရှင်းပြထားကြတယ်..ဒါပေမယ့် အဲဒီ ငနာကိုသွားရှင်ပြနေလည်း နွားပလာတာ ကျွေးသလို ဘာမှသိမှာမဟုတ်ဘူး...မှန်လည်း မှားတယ်လို့ပြောမှာပဲ သူ့ဘလော့ရေးခြင်းရဲ့ရည်ရွယ်ချက်ကို က ဗုဒ္ဓကိုစော်ကားဖို့ပဲ မြန်မာဗုဒ္ဓဘာသာတွေ စိတ်တိုအောင်စွဖို့ရည်ရွယ်တာပဲ...ဒါကြောင့် အဲဒီဆိုက်ကိုသွားပြီး ပြောပြရှင်းပြနေတာဟာ သူ့အတွက် အဆိပ်ပင်ရေလောင်းသလိုဖြစ်နေတယ်...ဘယ်သူမှမသွားရင် မြန်မာစာနဲ့ရေးထားတဲ့သူ့ဘလော့ကို ဘယ်နိုင်ငံသားလူမျိုးမှလာဖတ်မှာမဟုတ်ဘူး...မြန်မာလိုရေးတည်းက မြန်မာတွေအတွက်ပဲဖြစ်တယ်...ဒါကြောင့် ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သွားပြီး ရှင်းပြမနေပါနဲ့...လျစ်လျူရှူထားလိုက်ပါ...မြန်မာတွေမလာရင် သူ့ဘလော့ဟာ အချိန်တန်ရင် မောပြီး ရပ်သွားလိမ့်မယ်...ဘယ်လိုပဲဖြစ်နေပါစေ ဒီဘလော့ က ဘယ်သူရေးတယ် ဘယ်နိုင်ငံက ရေးနေတယ်ဆိုတာ အလွယ်ဆုံးနဲ့ ကြည့်ကြရအောင်...

ပထမဆုံးအနေနဲ့ အဲဒီဘလော့ကို သွားလိုက်ပါ...ရောက်တာနဲ့ စီဘောက်မှာ စာဝင်ရေးလိုက်ပါ...မိမိရေးလိုက်တဲ့စာကြောင်းရဲ့ဘေးမှာ time and date တွေပါပါတယ်...အဲဒီ time အချိန်ကို ကြည့်လိုက်ပါ...ဘယ်ချိန်ရှိနေပြီလဲဆိုတာ...ကိုယ်ရေးနေလိုက်တဲ့အချိန်ဟာ ဘယ်ချိန်လဲဆိုတာ ကမ္ဘာ့စံတော်ချိန် ဒီနေရာမှာ တိုက်ကြည့်နိုင်ပါတယ် ဘယ်နိုင်ငံက အချိန်နဲ့ကိုက်ညီနေလဲဆိုတာပေါ့..
ကမ္ဘာ့နိုင်ငံတွေက အများသားဆိုတော့ အဖြေတစ်ခါတည်းပေးလိုက်ပါ့မယ်...အမေရိကန်နိုင်ငံမှာရှိတဲ့ San Francisco အချိန်နဲ့ကိုက်ညီနေတာ တွေ့ရလိမ့်မယ်...
အခုတော့ အဲဒီဘာသာမဲ့ဘလော့ပိုင်ရှင်ပြောတာကတော့ သူဟာ ကယ်လီဖိုးနီးယား ကလို့ပြောထားတယ်...ဒါဆိုရင် အဲဒီဗုဒ္ဓဘာသာကို စော်ကားပြီးရေးနေတဲ့ ဘာသာမဲ့ဘလော့ဂါတစ်ယောက်ဟာ ဘယ်ကလည်းဆိုတာ ရှင်းလောက်ပါပြီ...

မဆီမဆိုင် အစိုးရက $50ပေးပြီး ရုရှားကမောင်တွေကို ကိုယ့်ဘာသာမကောင်းကြောင်းရေးခိုင်းလောက်အောင် အဲဒီလောက်ထိ မိုက်မဲရှုးသွပ်လောက်အောင် ဘယ်သူမှမလုပ်ပါဘူး...ကျွန်တော်တွေ့ဖူးတာကတော့ ရုရှားက နောင်တော် ညီတော်တွေရေးနေကြတဲ့ ဘာသာေ၇းဝက်ဆိုက်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေ ရဟန်းသံဃာတွေရဲ့ ဟောကြားချက်တွေနဲ့ မိမိတို့လေ့လာသိ၇ှိသလောက် ပြန်လည်မျှဝေပြီးရေးတဲ့ဆိုက်နဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့အရပ်ဒေသတွေမှာ လစဉ်မိမိတို့တတ်နိုင်သလောက် စုပေါင်း လှူဒါန်းကြပြီး ကုသိုလ်ရှင်များနဲ့စာဖတ်သူတွေ ကြည်နူးမှုတစ်စိတ်တစ်ဒေသ ခံစားမှုလေးတွေရရှိအောင် လှူဒါန်းမှုစုံလင်စွာကို ဓာတ်ပုံတွေနဲ့တကွဖော်ပြကြပြီး မိမိတို့သိသလောက် ဘာသာရေးအကြောင်းလေးတွေရေးထားတဲ့ ဘလော့ဂ်ဆိုက်တွေပဲ တွေ့ဖူးပါတယ်...

တစ်ဆက်တည်း ပြောချင်တာကတော့ နိုင်ငံတစ်ခုမှာအုပ်ချုပ်နေတဲ့အစိုးရကို အတိုက်ခံဝေဖန်တဲ့သူကတော့ ရှိစမြဲပါပဲ...ဒီလိုပါပဲ မြန်မာနိုင်ငံမှာလည်း လက်ရှိအစိုးရကို အတိုက်ခံဝေဖန်လေကန် နေကြတဲ့သူတွေလည်းရှိလေတယ်...ထိုထိုသော critics များကလည်း ကုလားမနိုင် ရခိုင်မဲတော့ မလုပ်ကြပါနဲ့...အစိုးရကို ဝေဖန်ပြစ်တင်တာ လက်ခံပေမယ့် မဟုတ်မမှန်ပဲနဲ့ မဆီမဆိုင် ရုရှားမှာ အေးအေးဆေးဆေးနေနေတဲ့မောင်တွေကို အမြင်မှားအောင် မလုပ်မိဖို့ ပြောချင်ပါတယ်...ဒီလောက်ပါပဲ ...။

အပြည့်အစုံသို့...

မိမိတို့ရဲ့ personal case တွေကြောင့် တစ်ပါးသူတွေမထိခိုက်စေခြင်

မိမိရဲ့ မူရင်းဝက်ဆိုဒ်(သို့) အီးမေးလ် လိပ်စာလေးတောင် ဖော်မပြရဲပဲ မေးလ်ဖျောက်ပြီး ကိုယ့်ရဲ့ personal ကိစ္စတွေကို အများသူတွေအတွက် ဘာမှ အသုံးဝင်အကျိုးရှိတာလည်းမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားပြီး သံသယမျက်လုံးတွေဝင်မယ့် စာတွေကို forward mail တွေပေးပို့တာ ဘာကြောင့်ပါလဲ?...အထူးသဖြင့် စစ်သားတွေအကြောင်းဆိုရင် တစ်ခုခုလေးဖြစ်လိုက်ရင် အသဲသန် ကိုးကားပြီး ချဲ့ထွင်ပြီး ပုတ်ခတ်တတ်ကြတယ်...ဒီလိုနေရာမျိုးဆိုရင် အမြဲတမ်းအကွက်ချောင်းနေကြတဲ့ ချောလဲရောထိုင် လုပ်တတ်ကြတဲ့ ငပွကြီးတွေကတော့ ထပ်တလဲလဲ မိမိတို့ရဲ့ဆိုဒ်တွေမှာ တင်လိုက် forward တွေပို့လိုက်နဲ့ တော်တော်ပျော်နေပုံရပါတယ်...

သူများကို ပုတ်ခတ်နှိမ့်ချရမယ်ဆိုရင် ၂ယောက်မရှိပါဘူး...forward mail က အမေများနေ့တည်းက သိတာပါ...ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် အဖွဲ့စည်းတစ်ခုလုံးကို ခြုံပြီးပြောတဲ့အတွက် တစ်နည်းအားဖြင့် သက်ဆိုင်တဲ့အတွက် စာမေးပွဲပြီးမှပဲ မိမိရဲ့အမြင်လေးကို ရေးမယ်လို့ပဲ ဆုံးဖြတ်ထားတာပါ...ဒါပေမယ့် ကျန်ရှိသေးတဲ့ ၁ ဘာသာကလည်း ဖြေဖို့ အချိန်နည်းနည်းလေးကွာသေးတာကြောင့် အချိန်ရလို့ ရေးလိုက်တာပါ...

အကြောင်းအရင်းကတော့ အများစု သိထားကြတဲ့ "ရုရှားရောက်ပြည်ချစ်သားများ၏အချစ်ဇာတ်လမ်းများ"ဆိုပြီး ခေါင်းစဉ်နဲ့ ပေါက်တတ်ကရ ကိုယ့်ရဲ့ personal ကိစ္စမကျေနပ်ချက်တွေကို အများသူငှာတွေကိုသိအောင်ဖော်ပြတာဟာ စေတနာနဲ့လား ဒါမှမဟုတ် တမင်ရည်ရွယ်ချက်နဲ့အဖွဲ့စည်းတစ်ခုလုံးကို နှိမ့်ချတိုက်ခိုက်ခြင်လို့ပဲလားဆိုတာ ပေါ်လွင်နေပါတယ်...ဒီနေရာမှာ အခြားသော အပြင်အရပ်သားတွေထဲကဆိုရင်ရော ဒီလိုပဲ စေတနာ ဗလပွတွေနဲ့ forward တွေပို့ပေးနေအုံးမလားမသိဘူး...probability အရတွက်ကြည့်ရင်တောင်မှ စစ်သားနဲ့အရပ်သားတွေရဲ့ ဒါမျိုးဖြစ်စဉ်တွေကို compare လုပ်ကြည့်ရင် ဘယ်သူကပိုများလည်းဆိုတာ ပေါ်လွင်မှာပါ...ဒါကို စစ်သားဆိုရင် အရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေတာမလုပ်သင့်ပါဘူး...ဒါမျိုးဖြစ်စဉ်တွေက စစ်သားမှမဟုတ် နေရာတိုင်းမှာ ဖြစ်နေကြတာပဲလေ...ဒီတော့ ခေါင်းသုံးပြီးတော့ စဉ်းစားချင့်ချိန် ယုံကြည်ကြပေါ့...ဖြစ်လာရင်လည်း ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့...ကိုယ်အသုံးမကျလို့သာ မှတ်ထားလိုက်ပါ... ကိုယ့်ရဲ့စာကြောင့် အခြားသူတွေအတွက်အကျိုးမရှိဘူးဆိုရင်တောင် မထိခိုက်စေဖို့လိုတယ်ဆိုတာ စာရေးတဲ့ "နွေး" ဆိုတဲ့သူ graduated ဖြစ်တယ်ဆိုရင် နားလည်မှာပါ...ဒီခေါင်းစဉ်မှာပါတဲ့ အဖြစ်ပျက်ကတော့ ရုရှားရောက် စစ်ဆရာဝန်ဆိုသူတစ်ယောက်နဲ့ စင်္ကာပူကကောင်မလေးတို့နှစ်ယောက်ဇာတ်လမ်းပါ...ကျွန်တော်ပြောချင်တာက သူတို့ဇာတ်လမ်းတွေကို ပြောစရာအကြောင်းမရှိပါဘူး...ဒါက သူတို့တွေရဲ့ကိစ္စပါ ကိုယ်နဲ့မဆိုင်ပါဘူး...သူတို့နှစ်ယောက်က ချစ်ကြိုက်ကြပြီး ကောင်လေးက ဘာလို့မယူတာလည်း စတာတွေဟာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းတွေကို ဘယ်သူမှအတိကျမသိလို့ ကြားထဲကနေဝေဖန်ပြောဆိုဖို့လည်းမလိုပါဘူး...

''စစ်သားဆိုတာ civilian law and military law ဆိုတဲ့ အရပ်ဘက်ဥပဒေနဲစစ်ဘက်ဥပဒေ နှစ်ခုလုံးကို လိုက်နာရတယ်ဆိုတာ တပ်မတော်သားတိုင်းနားလည်ထားကြတယ်...ဒါကြောင့်ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိထားတဲ့အတွက် ဒါကိုသိလျက်နဲ့ဘ၀အပျက်ခံပြီး ဘာကြောင့်လုပ်တယ်ဆိုတာ သူတို့တွေသာသိကြလိမ့်မယ်ထင်ပါတယ်...ဒါကြောင့်သူတို့ဇာတ်လမ်းကိစ္စကိုမဆွေးနွေးလိုဘူး..''.ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းရင်းက ကြားထဲက မသက်ဆိုင်တဲ့သူတွေကို ထိခိုက်ပြောဆိုမှုကို ရှောင်ရှားဖို့ပြောချင်တာပါ...( ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ )ဒီစာသားကိုကြည့်မယ်ဆိုရင် နိုင်ငံဘဏ္ဍာဆိုတာကို ကောင်းကောင်းနားမလည်ဘူးဆိုတာပါပဲ...နိုင်ငံဘဏ်ဏ္ဍာဆိုတာ ငါတို့ ပိုက်ဆံတွေဆိုပြီး ပြောချင်တဲ့ပုံစံပေါ်ပါတယ်...ငါတို့ ငွေတွေလို့ ပြောလို့မရပါဘူး အဲဒီငွေတွေဟာ နိုင်ငံတော်ကို အခွန်ငွေအဖြစ် ပေးပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာဖြစ်သွားလို့ပဲ...ဘယ်သူ့ဘယ်သူငွေတွေမှမဟုတ်ပါဘူး...၄င်းငွေတွေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေမှာ ဖြည့်ဆည်းမယ် နောက်ပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သူတွေကို ထိုက်သင့်တဲ့ လစာတွေနဲ့ ချီးမြှင့် ထောက်ပံ့ပေးတာပါ...

ဒါဟာ မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး နိုင်ငံတကာမှာလည်း ဒီလိုပါပဲ...ဒီငွေတွေကို လိုချင်ရင်တော့ နိုင်ငံဝန်ထမ်းလုပ်နိုင်ရင် လုပ်ပေါ့...ပြည်သူတွေရဲ့ငွေ ငါတို့ငွေ တွေနဲ့ သုံးနေကြတယ်ဆိုပြီးပြောနေကြတာ အင်မတန်မှ အမြင်ကျဉ်းမြောင်းရာလည်းကျသလို နားလည်မှုမရှိဘူးဆိုတာလည်း ပေါ်လွင်နေတယ်...ရပိုင်ခွင့် ခံစားပိုင်ခွင့်(entitlement)ဆိုတာ ရှိတယ်လေ...နိုင်ငံ့တာဝန်ထမ်းဆောင်လို့ ထိုက်သင့်တဲ့ ခံစားခွင့် ရပိုင်ခွင့်တွေကို ရရှိကြတယ်...နိုင်ငံ့တာဝန်မှမဟုတ်ပါဘူး အပြင် လုပ်ငန်းခွင်တွေမှာလည်း ကိုယ့်ရဲ့လုပ်အားအတွက် ရပိုင်ခွင့်တွေကို အလုပ်ရှင်တွေက ပေးရတာပဲမဟုတ်လား...ဒီလောက်ဆိုရင် စာရေးသူ မနွေးဆိုသူတစ်ယောက် ပြည်သူ့ဘဏ္ဍာနဲ့စာသင်ဖို့လွှတ်ထားတာ တစ်နည်းအားဖြင့် ငါတို့ပိုက်ဆံနဲ့လွှတ်ထားတာဆိုပြီး ပြောချင်တာကို နားလည်မယ်ထင်ပါတယ်...ပြည်သူ့ဘဏ္ဍာဆိုတာဘာလည်းဆိုတာ ရိပ်မိလောက်ပါပြီ...နောက်တစ်ချက်က (ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ ) ဒီလိုရေးထားလေတယ်...

ဒီစာသားကို ဖတ်လိုက်ရင်ပဲ တစ်ဖက်လူတွေရဲ့ တကယ့်ဖြစ်ရပ်မှန် တစ်နည်းအားဖြင့် လက်ရှိ situation တွေကို နားမလည်ပဲ ရေးထားတာတွေ့ရတယ်...ရေးချင်ရင်လည်း တကယ်ဟုတ်မဟုတ် အရင်သိအောင်လုပ်ပြီးမှရေးတာကောင်းပါတယ်...ရုရှားမှာစာသင်တာ high school ကျောင်းသားတွေများ ထင်နေတာလားမသိဘူးနော် ;)...Uni တွေမှာ တစ်နေ့ကုန် ကျောင်းတတ်ရတာရှိလို့လား...ကိုယ့် subject တွေလိုက်သင်ကြတော့ တစ်ယောက်နဲ့တစ်ယောက် Time Table ကလည်း ဘယ်တူပါ့မလဲ...နောက်ပြီး ရုရှားမှာလာတဲ့သူတွေက အလုပ်လုပ်ရင်း ကျောင်းတတ်နေတာမဟုတ်သလို အလုပ်သမားတွေလည်းမဟုတ်ဘူးဗျ...အခြားနိုင်ငံတွေမှာရှိတဲ့ ရွှေမြန်မာအချို့တွေနဲ့ သွားပြီး နှိုင်းယှဉ်ကြည့်လို့မရဘူးလေဗျာ...သူတို့တွေက အလုပ်လုပ်ပြီး ကျောင်းတတ်ရတဲ့သူတွေလည်းရှိမယ် အလုပ်ပဲသတ်သတ်လုပ်နေကြရဲ့သူတွေလည်းရှိမယ်...ဒီတော့ online မှာ သူတို့တွေက ရုရှားကမောင်တွေထက်ပိုပြီး တတ်တာနည်းတာပေါ့...ကျွန်တော်တို့တွေက online မှာရှိတယ်ဆိုတာက လူရှိချင်မှလည်းရှိမယ်...

gmail တွေဖွင့်ထားတယ်ဆိုတာက ဒါက ဆက်သွယ်မှုတစ်ခုလေ...တစ်ယောက်နဲ့တစ်ယောက် ပြောစရာရှိရင် ဒီမေးလ်လေးနဲ့ပဲ ပြောရတာပဲမဟုတ်လား...အထူးသဖြင့် မေးလ်ဖွင့်ထားတာ ကိုယ့်အချင်းချင်း contact လုပ်ဖို့ပါ...ဒါက ရုရှားမှာပဲမဟုတ်ပါဘူး overseas မှာရှိကြတဲ့သူတွေတိုင်း အဓိကအားထားရတဲ့ ဆက်သွယ်ရေး ကိရိယာလေးမဟုတ်လား...ဒါကို ဘာကြောင့် အပြစ်မြင်ချင်ရတာလဲ...ကွန်ပျူတာ မေဂျာသမားတွေဆိုရင် ကျောင်းမှာစာသင်ရင်းလည်း ဖွင့်ထားကြတာပဲလေ...gmail ဖွင့်ထားတိုင်း ချက်တင် တတ်နေတယ် ဖွန်ကြောင်နေတယ်လို့များထင်နေတာလား မသိဘူး :D... ဒီလောက်ဆိုရင် အွန်လိုင်းမှာ ဘာကြောင့် အချိန်တော်တော်များများ ရှိနေကြလည်းဆိုတာ သိလောက်ပါပြီ...အဲဒီလို gmail တွေဖွင့်ထားလို့လည်း တိုင်းပြည်ကို ဘယ်လိုကာကွယ်စောင့်ထိန်းမလည်းဆိုတာနဲ့ ဘယ်လိုမှဆက်စပ်လို့လည်းမရဘူး...ဆက်စပ်မှုလည်းမရှိပါဘူး...နိုင်ငံတော်က ပေးအပ်ထားတဲ့အဓိကတာဝန်က အောင်မြင်စွာနဲ့ကျောင်းပြီးဖို့ ပညာသင်ကြားဖို့ပဲလေ....ဒါတွေကို မထိခိုက်နေရင် စစ်သားဆိုတဲ့ဂုဏ်ဒြပ်ကို ခဏထားလိုက်ပါ သူလည်း လူငယ်ယောင်္ကျားလေးတွေပဲ လွတ်လွတ်လပ်လပ်နေကြပါစေပေါ့...ဘယ်သူ့ဘယ်သူ့မှ မထိခိုက်ဘူးမဟုတ်လား...

စာရေးသူ မနွေး ဆိုသူနဲ့ ခင်ဗျားရဲ့ သူငယ်ချင်းတွေလည်း မထိခိုက်ဘူးမဟုတ်လား....အဲဒီတော့ ကိုယ့်လည်းမထိခိုက် တိုင်းပြည်တွက်လည်း နစ်နာထိခိုက်တဲ့ လုပ်ရပ် အပြုအမှုတွေမဟုတ်ပါပဲ ဘာကြောင့် နှိမ့်ချပြောဆိုချင်တာလည်းမသိဘူး...ပြောချင်ရင်လည်း လူပုဂ္ဂိုလ်သီးသန့်ကိုပဲ ရည်ညွှန်းပြီးပြောပါ...သူ့နောက်မှာပါလာမယ့် အဖွဲ့စည်းတွေကို မထိခိုက်စေပါနဲ့...နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် မြန်မာတွေအချင်းချင်း ပုတ်ခတ်ပြောဆိုရမယ့် အချိန်တွေလည်းမဟုတ်ပါဘူး...နားလည် ခွင့်လွှတ်မှုတွေနဲ့ စည်းလုံးညီညွတ်ကြတဲ့ နိုင်ငံ့သားကောင်း သမီးကောင်းလေးတွေဖြစ်စေချင်တယ်...ဒီလို ဘာမှအကျိုးမရှိပဲ အများသူငှာ သံသယစိတ်တွေဝင်သွားမယ့်စာတွေကို မရေးမိဖို့လည်း အကြံပြုချင်ပါတယ်...စာရေးသူ မနွေးရေးတဲ့စာကို ဖတ်ပြီး တကယ်ယုံကြည်မိပြီးအမုန်းပွားမယ့်သူတွေရှိသလို နားလည်ပေးပြီး မှန်ကန်စွာနဲ့ ရပ်တည်ပေးမယ့်သူတွေလည်းရှိလာမယ်ဆိုတာ သိဖို့လိုမယ်...ဒီ ဘာမှမဟုတ်တဲ့ ကိစ္စကြောင့် ကျန်တဲ့ ကျွန်တော်တို့တွေနဲ့အတူ အွန်လိုင်းကနေတစ်ဆင့် ပူးပေါင်းပြီး မိမိတို့တတ်နိုင်သလောက် နိုင်ငံအကျိုးပြည်သူအကျိုးပြု(ပညာရေး ဘာသာရေး လူမူရေး..etc)ပါဝင်လုပ်နေကြတဲ့ နိုင်ငံရပ်ခြားအမျိုးမျိုးမှသူတွေရဲ့ ကြားမှာ သံသယမျက်လုံးစိတ်တွေနဲ့ဝင်သွားမယ်ဆိုရင် မနွေးရဲ့ personal စာသားလေးဟာ ဘယ်လောက်ထိ အခြားလူတွေကို ထိခိုက်နိုင်တယ်ဆိုတာ စာတစ်လုံးရေးတိုင်း စာတစ်ကြောင်းရေးတိုင်း စဉ်းစားဖို့လိုတယ်...အင်တာနက်စာမျက်နှာမှာ လွတ်လပ်စွာ ရေးခွင့်ရှိသော်လည်း အများသူငှာမထိခိုက်အောင် ရေးဖို့လည်းလိုတယ်...personal စိတ်ခံစားချက်တွေနဲ့ပုတ်ခတ်ပြောဆိုအမုန်းပွါးစေမယ့်အစား ကျွန်တော်တို့နိုင်ငံတော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆင်းရဲနေတဲ့ပြည်သူတွေ အားကိုးရာမဲ့နေတဲ့ကလေးတွေကို မိမိတို့တတ်စွမ်းသရွေ့ (ပညာရေး ကျန်းမာရေး စားဝတ်နေရေး ...etc)တစ်ဖက်တစ်လှမ်းကနေ ကူညီပံ့ပိုး ဒါနပြုကြမယ်ဆိုရင် နိုင်ငံအတွက်အကျိုးရှိပြီး ပြည်သူပြည်သားတွေနဲ့အတူ မိမိမှာလည်း အတိုင်းမသိဝမ်းသာနေမယ်ဆိုတာ မုချမလွဲပေ....။

အပြည့်အစုံသို့...

လူမျိုးနဲ့ဘာသာကို စောင့်ထိန်းကြပါ

နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မိမိလူမျိုးနဲ့ဘာသာ သာသနာ ကိုကာကွယ်ထိန်းသိမ်းရမယ့်တာဝန်ရှိသလို အသိစိတ်ဓာတ်လေးတစ်ခုအနေနဲ့ စောင့်ထိန်းသွားရမယ်ဆိုလည်း မမှားပါဘူး...ခေတ်ကိုပြောင်းပြန်လှန်တယ်ပဲပြောပြော နောက်ပြန်ဆွဲတယ်ပဲပြောပြော လူတစ်ယောက်ရဲ့ အခွင့်ရေးကို ပိတ်တယ်ပဲဆိုဆို ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်ရဲ့ အမြင်လေးကို ပြောပြချင်လို့ပါ...အထူးသဖြင့် မြင်တွေ့နေရနေတဲ့အထဲမှာ အများစုက ဘာသာရေးကိုတော့ ရှေးအစဉ်အလာရ ကိုးကွယ်လာကြလို့ စောင့်ထိန်းကိုးကွယ် ယုံကြည်ကြပါတယ်...ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ လူမျိုးနဲ့ ဘာသာ ဆိုရာမှာ လူမျိုးကိုစောင့်ထိန်းဖို့မှာကြတော့ အယူဆအမျိုးမျိုး ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်ရေး လွတ်လပ်မှုဆိုတဲ့အကြောင်းပြပြီး တိုင်းတစ်ပါးသားကို လက်ထပ်သွားကြတာ အများအားဖြင့် မိန်းကလေးတွေများတယ်...ဘာကြောင့်လည်းဆိုတာ မစဉ်းစားတတ်ဘူး...တကယ်ပဲ ချစ်ကြိုက်လို့လား ဒါမှမဟုတ် နိုင်ငံခြားသားယူမှ ဂုဏ်ရှိတယ် ငွေရှိတယ်လို့များ ထင်နေတာလား?...

အဲဒီလို တိုင်းတစ်ပါးသားကိုမှ နှစ်သက်ကြတဲ့ မိန်းကလေးတွေထဲမှာ ကျွန်တော့်အစ်မ၀မ်းကွဲ တစ်ယောက်လည်း အပါဝင်ပေါ့....အဲဒီလို တိုင်းတစ်ပါးသားကို ယူချင်းအားဖြင့် လူမျိုးကိုစောင့်ထိန်းရမယ့်တာဝန် ၀တ္တရားကြီးကို ပျက်ကွက်သွားတာပါပဲ...တစ်ချို့ကရှိသေးတယ် အခွန်ဆောင်ရမှာစိုးလို့ အခွန်ကြေးသက်သာအောင်လို့ဆိုပြီး တိုင်းတစ်ပါးသားနဲ့ ဟန်ဆောင်လက်ထပ်ပြပြီး အတူနေထိုင်ကြပြီး ကိုယ့်နိုင်ငံပြန်လာမှပဲ ကိုယ့်နိုင်ငံသားအဖြစ် ပြန်ပြောင်းကြမယ်ဆိုပြီး အခွန်ဆိုတဲ့အရာနဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လဲလှယ်နိုင်တာ အံ့သြဖို့လည်းကောင်းပါတယ်....ဒီလိုမျိုး ဟန်ဆောင်လက်ထပ်နေကြပြီး တိုင်းတစ်ပါးသားနဲ့အတူနေထိုင်တာကိုလည်း သိရဲ့နဲ့ ပြုံးပြုံးကြီး ကြည့်နေတဲ့ မိဘတွေကလည်း ရှိသေးတယ်လား...လူမျိုးတွေ ဂုဏ်သိက္ခာတွေက အဓိကမဟုတ် ကိုယ့်စီးပွားရေးအဆင်ပြေဖို့က အဓိကလို့ ယူဆနေရင်တော့ တစ်မျိုးပေါ့....

ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း တိုးတက်နေပါစေ ကမ္ဘာကြီးတည်တံ့နေသရွေ့တော့ လူမျိုးနဲ့ဘာသာကို မစောင့်ထိန်း မကာကွယ်နိုင်ရင်တော့ တစ်နေ့ကြရင် လူမျိုးနဲ့ဘာသာ မပျောက်သွားနိုင်ဘူးလို့ပြောလို့မရဘူး...တိုင်းတစ်ပါးသားကို မယူရ မချစ်ရဆိုတာ ကမ္ဘာ့နိုင်ငံအများစုမှာ မရှိကြပေမယ့် ကိုယ့်အသိစိတ်ဓာတ် လူမျိုးချစ်စိတ် ဘာသာချစ်စိတ် မြတ်နိုးစိတ်လေးတွေနဲ့ မိမိဘာသာ စောင့်ထိန်းနိုင်သွားရင်တော့ ကောင်းတာပေါ့...တိုင်းတစ်ပါးသား ယူလိုက်လို့လည်း ၁၀၀ ရာနှုံးစိတ်ချမ်းသာသွားတဲ့သူတွေ နည်းပါတယ်...အခြားနိုင်ငံသား ခံယူလိုက်တဲ့အတွက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးချမ်းတဲ့ အမိတိုင်းပြည်ကြီးဆီကိုလည်း လာချင်တိုင်းမလာရ ပြန်ချင်တိုင်းမပြန်ရ တွေ့ချင်တဲ့မိဘဆွေမျိုးညီအကိုမောင်နှမတွေကိုလည်း မတွေ့ရနဲ့ သူတို့ဘ၀တွေ ဘယ်လိုများ ပျော်မွေ့နေကြလည်း မသိဘူးပေါ့...သူတို့တွေရဲ့ ရရှိလာတဲ့ အနာဂတ်မျိုးဆက်သစ်တွေကလည်း ဗမာစကားကိုလည်း ကောင်းကောင်းမသိ အဖေ က ခရစ်ယာန် အမေက ဗုဒ္ဓ သားသမီးက ဟိုမရောက် ဒီမရောက်...ဘာသာဆိုတာက နည်းနည်း နားလည်ပေးလို့ရပါတယ် ကိုယ်ယုံကြည်ရာ ကိုးကွယ်ပေါ့...ဒါပေမယ့် လူမျိုးကြတော့ ကွဲပြားသွားတာ တော်တော်တော့ဆိုးပါတယ်...

အချစ်ဆိုတဲ့ အရာမှာ ဘယ်သူဘယ်ဝါဆိုပြီးခွဲခြားထားတာမရှိသလို အချိန်မရွေး လူမျိုးမရွေး ဘာသာမရွေးမှာ ဖြစ်ပေါ်တတ်ကြတာပါပဲ...နိဂုံးချုပ်အနေနဲ့ ပြောချင်တာက လူတစ်ယောက်ရဲ့ လွတ်လပ်မှု ဆိုတဲ့အရာကို အကြောင်းပြကြနိုင်ပေမယ့် အတတ်နိုင်ဆုံး မျိုးချစ်စိတ်ဓာတ်ရှိကြပါ လူမျိုးနဲ့ဘာသာ သာသနာကို ကာကွယ်စောင့်ထိန်းကြပါလို့ပြောချင်ပါတယ်...ဒါကိုရေးရတာကလည်း ဘယ်သူ့ဘယ်သူကိုမှလည်း ရည်ရွယ်မရေးပေမယ့်လည်း မြန်မာမိန်းကလေးတစ်ယောက်ကို တိုင်းတစ်ပါးသား လက်ထဲရောက်သွားရင် တွန့်တိုတတ်တဲ့ ယောင်္ကျားလေးတွေအထဲမှာတစ်ယောက် အပါဝင်နေသူတစ်ယောက်ဖြစ်ပြီး ကိုယ့်အမျိုးကိုချစ်တတ်တဲ့ သူတစ်ယောက်ဆိုလည်း မမှားဘူးပေါ့ဗျာ :)...တကယ်ပါ တိုင်းပြည်ရဲ့အပြင်ဘက်မှာ ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားတွေကို တိုင်းတစ်ပါးသားက အနိုင်ကျင့်စော်ကားပြီး လုပ်ချင်တိုင်းလုပ်နေတာတွေ မြန်မာအမျိုးသမီး အလုပ်သမားတွေကိုဘယ်လိုလုပ်လိုက်တာ ဘာသံညာသံတွေကြားနေရရင် ကိုယ့်ဆွေမျိုးမောင်နှမတွေမပါသောငြားလည်း အင်မတန်မှ ခံပြင်းဒေါသထွက်မိပါတယ်...

ကျွန်တော်တို့ ယောင်္ကျားလေးတွေက ကိုယ့်မြန်မာမိန်းကလေးတွေကို တစ်ခါတစ်လေမှာ ကိုယ့်မောင်နှမအရင်းချာလို ဒေါသ ဂရုဏာဖြစ်မိပေမယ့်လည်း အချို့အချို့သော မိန်းကလေးတွေရဲ့အပြုမှုအပြောဆိုတွေကြောင့်လည်း စိတ်ပျက်မိရပါတယ်...ဥပမာ တစ်ခုပြောရရင် စင်္ကာပူက ကောင်မလေးတစ်ယောက်ဆိုရင် အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ အမျိုးစောင့်ထိန်းဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ...အာရှယောင်္ကျားလေးတွေဆိုရင် အထင်မကြီးဘူး...ယောင်္ကျားပုံစံပေါက်တဲ့ အီတလီသားတွေကိုပဲကြိုက်တယ် ပွင့်လင်းတယ်ပေါ့ဗျာ...ဘယ်လိုပွင့်လင်းမှုထိကိုကြိုက်လည်းဆိုတာတော့ သူမပြောတဲ့အတိုင်းသာပြောရင် ရိုင်းနေမှာစိုးလို့ ကိုယ့်ပါသူသာ ဆက်တွေးလိုက်ပေါ့ဗျာ...သူတင်မကပဲ သူ့သူငယ်ချင်းတွေပါ မိတ်ဆက်ပြီး အတင်းကြိုက်ခိုင်းနေတော့ မခက်ပေဘူးလား...ဒီလိုမျိုး မိန်းကလေးတွေကြတော့ အမျိုးကိုချစ်ဖို့ထိန်းဖို့ဆိုတာ သွားပြောရင် နားခါးတယ် ခေတ်မမှီဘူးလို့ စောတကတတ်နေအုံးမှာပဲ...ဘယ်လိုပဲဖြစ်နေပါစေ လူတစ်မျိုးစိတ်တစ်မျိုးနဲ့ အယူအဆအမျိုးမျိုးတွေရှိနေကြတဲ့အထဲမှာ ကိုယ်က အဲဒီလိုအထဲတွေပါမသွားစေဖို့နဲ့ အတတ်နိုင်ဆုံးပါမသွားရင် အကောင်းဆုံးပဲလို့ပဲ မြင်မိပါတယ်....။
(ကိုယ့်အမျိုးကို တွန့်တိုတတ်တဲ့ နိုင်ကို :D )

အပြည့်အစုံသို့...

Subscribe to: Posts (Atom)